Thursday, November 12, 2015

ကချင်လူမျိုးအကြောင်း

ကချင်လူမျိုးအကြောင်း
Ninggawn Chyanun နဲ့ Hpunggan Woishun ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြင်နိုင်/မမြင်နိုင်တဲ့ သက်ရှိ သက်မဲ့ သတ္တ၀ါ အရာဝတ္ထုအားလုံးရဲ့ အမြင့်ဆုံး အရှင်သခင်ဖြစ်တယ်။ အချိန်ကာလကြာမြင့်တဲ့အခါ သူတို့ နှစ်ဦးကနေ ဆင်းသက်လာတဲ့ Ninggawn Wa Magam ဟာ လူသားမျိုးနွယ်ရဲ့ ပထမဦးဆုံးသောဖခင်(တစ်နည်း "အဘ")ဖြစ်လာခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီကို ကချင်လူမျိုးတွေက ယုံကြည်ကြပါတယ်..
ကချင်လူမျိုးမှာ အဓိကမျိုးနွယ်စု(Six Major Ethnic Groups) ခြောက်မျိုးရှိပါတယ်.. အဲဒါတွေကတော့ (1)Jinghpaw, (2)Rawang, (3)A Zi, (4)Maru, (5)Lashi, နဲ့ (6)Lisu တို့ ပဲ ဖြစ်ပါတယ်။ အဲဒီ Six Major Ethnic Groups ကနေ ပွားလာတဲ့ Sub Ethnic Groups တွေလည်း ရှိပါတယ်..
နောက်ပြီးတော့ Clans လို့ ခေါ်တဲ့ ဗမာလို "အမျိုး" လို့ပြောရမလားပဲ.. အဲဒါက Major Clans အနေနဲ့ (၁၂)မျိုးရှိပါတယ်... အဲတာတွေကတော့ (1)Marip, (2)Lahtaw, (3)Lahpai, (4)Nhkum, (5)Maran, (6) Magawn, (7)Jasen, (8)Sumpra Sha, (9)Pyen Tingsa, (10)Tangbau, (11)Kareng, (12)Hkashu Hkasha စတာတွေပဲ ဖြစ်ပါတယ်။ ဒီ Twelve Major Clans မှာလည်း Sub Clans တွေ ရှိပါတယ်.။
နောက်ထပ်ပြီး မိသားစုနာမည် (အင်္ဂလိပ်လို Family Name or Household Name) ဆိုတာလည်း ရှိပါသေးတယ်။ ဒီဟာကိုတော့ ရှုပ်ကုန်မှာစိုးလို့ အကျယ်မချဲ့တော့ပါဘူး.။။
အဲဒီတော့ ကချင်လူမျိုးရယ်လို့ ဆိုလိုက်ရင် ခုဏကတင်ပြသွားတဲ့ Ethnic Groups ရယ် Clan Names ရယ် Family Names ရယ်ဆိုတဲ့ အပိုင်းသုံးပိုင်းကို တွေ့ရမှာပါ။ လူတော်တော်များများက ကချင်လူမျိုးနဲ့ ပတ်သက်လာရင် Ethnic Groups ကိုပဲ သိကြပါတယ်။ ကျန်တဲ့ Clans နဲ့ Family Names တွေ ရှိတယ်ဆိုတာ မသိကြပါဘူး။ ပြီးတော့ Ethnic Groupsဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကချင်၊ ကယား၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးတွေလိုပဲ ကွဲပြားတယ်လို့ထင်ကြပါတယ်။ အဲသလိုမဟုတ်ပါဘူး။ ဒီ Six Major Ethnic Groups ဟာ ဘာသာစကားအနည်းနဲ့ အများ ကွဲပြားပေမယ့် တူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့အတူ Clans ဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာ တစ်စုတစ်စည်းတည်းရှိပါတယ်..။
Clans ဟာ ကချင်လူမျိုးတွေ အတွက်အလွန်အရေးပါပါတယ်..။ ကချင်လူမျိုးတွေရဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာ ဒီ Clans ဟာ အဓိက အခရာကျတယ်လို့ ဆိုနိုင်ပါတယ်..။ ဘယ်လို အခရာကျသလဲဆိုတာကို နောက်တင်ဆက်မယ့် အခန်းတွေကို ဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်..။