Thursday, September 10, 2015

ဝ ကတော့ NCA မှာ လက်မှတ်ထိုးစရာ မလိုဘူး

Khon Ja
ဝ ကတော့ ဒီသမဒ သက်တမ်းမှာ တိုက်ပွဲမဖြစ်လို့ ငြိမ်းချမ်းနေလို့  NCA မှာ လက်မှတ်ထိုးစရာ မလိုဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာတော့ ပါမယ် လို့ ပြောထားတယ်။ အိမ်နီးချင်း တရုတ်နဲ့လည်း တဲ့အောင် ပေါင်းရပါတယ် ဆိုတဲ့ နေရာမှာတော့ ဘကြီးအောင်နဲ့ တူပြီး "ငြိမ်းချမ်းအောင်လည်း အစဉ်တစိုက် လုပ်ပါတယ်" ဆိုတဲ့ အပိုင်းကျတော့ "ဘယ်လို လုပ်တာလဲ" လို့ မေးလည်း မေးချင်တယ်။ မေးလည်း မမေးရဲဘူး။
အစကတဲက မြန်မာ့တပ်မတော်က လက်နက်၊ လူ၊ ငွေ အင်အားတောင့်တင်းတဲ့ ၀ ကို ရန်မစဘူး။ ၂ ပတ်လောက်နဲ့ လက်နက်ချနိုင်တယ် လို့ ယူဆခဲ့တဲ့ အဖွဲ့တွေကိုဘဲ တိုက်ခိုက်တာမို့ အင်အားကြီးရင် ငြိမ်းချမ်းနိုင်တယ် ဆိုတဲ့ သီအိုရီလေး ထုတ်လို့ရမယ်။ အင်အားငယ်တဲ့ Minorities တွေကိုတော့ အသိအမှတ်ပြုမှုတောင်မရှိ။
ဝ က NCA မှာ မပါတော့ NCA မှာ ရေးသားထားတဲ့ အချက်တွေကို လိုက်နာစရာ မလိုဘဲ နေမြဲအတိုင်း နေလို့ ရတာပေါ့။
နိုင်ငံရေးဆွေးနွေးပွဲ မတိုင်ခင် ပြည်နယ်လေးပါ ကြိုတောင်းထားသေး။
အိုမြန်မာ။
NCA မှာ လက်မှတ်ထိုးစရာ မလိုဘူး