Friday, February 13, 2015

လောက်ကိုင်၊ ဖုံကြားရှင်နဲ့ ရင်းနှီးမြှုပ်နှံမှု.

လောက်ကိုင်၊ ဖုံကြားရှင်နဲ့ ရင်းနှီးမြှုပ်နှံမှု

Updated 9 hours ago
အများတကာ ဖုန်ကြားရှင်က မြန်မာ့တပ်မတော်ကို သွားတိုက်ပါတယ် လို့ ပြောတဲ့အခါ ဂျီးဒေါ်က နောက်ကွယ်မှာ ဘာရှိမလဲ ဆိုတာကို လိုက်ရှာတယ်။

စိတ်ဝင်စားစရာကောင်းတာက ဖုန်ကြားရှင်နဲ့ ဦးခင်ညွှန့်ရဲ့ ချစ်တင်းနှောနေတဲ့ ပုံကို သွားတွေ့တယ်။ ခမည်းခမက်တွေ၊ လင်မယားတွေလို နေခဲ့တဲ့ သူတွေမို့ အခု ရန်ဖြစ်တာ လင်မယားရန်ဖြစ်တယ်လို့ သဘောထားလိုက်တယ်။

Ministry of Information က မြေပုံနဲ့တကွ ဖော်ပြထားတဲ့ အချက်တချို့က ဒေသခံတွေ ပြောချက်နဲ့ ကွာခြားနေတယ်။ တပ်မတော်က နယ်မြေရှင်းလင်းတယ် လို့ ရေးထားတဲ့အခါ ဖုန်ကြားရှင်က တပ်မတော်ရဲ့ Post ကို သွားတိုက်တာ မဟုတ်ဘူး။ တပ်မတော်က ဖင်ရှည်ပြီးလိုက်သွားတယ် လို့ သုံးသပ်မိတယ်။

မနှစ်က အောက်တိုဘာ ၂၀၁၄ တုန်းက Global Witness က ထုတ်ထားတဲ့ The Shell Starts to Crack ဆိုတဲ့ Report မှာ အခု ဖုန်ကြားရှင်ကို လိုက်တိုက်တယ် ဆိုတဲ့ နေရာက ရေနံလုပ်ကွက်အမှတ် PSC-S နဲ့ PSC-T ဆိုတဲ့ အကွက် ဖြစ်နေပြီး မူလပိုင်ရှင် ဘယ်သူဖြစ်တယ် ဆိုတာ မသိပေမဲ့ ရေနံတွင်းကို လိုင်စင်ချပေးနေပြီ ဆိုတာ သိရတယ်။ အဲဒီနေရာဟာ မူဆယ်မြို့နယ်အထ သက်ရောက်မှု ရှိနေတယ်။

တပြိုင်နက်ထဲမှာဘဲ 2012 ခုနှစ်မှာ ရေးထားတဲ့ China’s Policy toward Myanmar: Challenges and Prospects ဆိုတဲ့http://www.ide.go.jp/English/Research/Region/Asia/201209_kudo.html စာတမ်းထဲမှာ နောက်ထပ် အပစ်အခတ် ရပ်စဲထားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များရဲ့ စိုးမိုးရာဒေသ မြေပုံ တခုတွေ့ပြန်တယ်။

Same Impunity Same Pattern ဆိုတဲ့ အစီရင်ခံစာက မြေပုံကို ကြည့်လိုက်မယ် ဆိုရင် ၂၀၁၀ ကတဲက တပ်မတော်ရဲ့ လိင်ဖက်ဆိုင်ရာ အကြမ်းဖက်မှု အများဆုံး ဆိုတဲ့ ဒေသနဲ့ တိုက်ဆိုင်နေပြန်တယ်။

အခုအချိန်အထိ တရုတ်က ဖုန်ကြားရှင်ကို ကူညီတယ်လို့ လုံးဝ မပြောသေးဘူး။ အဲ... တေဇက တပ်ကို လက်နက်ဝယ်ဖို့ ဂွင်ဖန်ပေးသလိုမျိုး အစိုးရမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များရှိနိုင်တယ် လို့ ပြောထားတယ်။

ခြုံပြီး သုံးသပ်လိုက်မယ် ဆိုရင် ဖုန်ကြားရှင် မိန်းမ ၇ ယောက် ယူတာကို သတင်းလုပ်ပြီး ဒေသခံ မိန်းမတွေ များစွာ မုဒိန်းကျင့်ခံခဲ့ရတာ မှိန်နေတယ်။ ဖုန်ကြားရှင်က ဆီးပြီးတိုက်တာ ၄ နေရာ။။ မြန်မာ့တပ်မတော် ခြေဖ၀ါးယားလို့ လျှောက်သွားနေတာက မိုင် ၄၀၀ ကျော်။ ဖုန်ကြားရှင် နဲ့ တရုတ်က နယ်လုတာက တလက်မ၊ မြန်မာနိုင်ငံ အစိုးရက ပြည်သူတွေ တောင် မသိဘဲ ရေနံကွက် ၂ ကွက် ရိုက်ရောင်းပြီးသား။ အဲဒီနေရာမှာ ၁၉၉၀ ကျော် ကတဲက အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေတာတောင် အသိမပေးဘဲ ရောင်းစားထားတဲ့ ရေနံကွက်တွေကို လိုက်ရှင်းတယ်လို့ဘဲ သုံးသပ်တယ်။

သေသွားတဲ့ စစ်သည်တော်တွေအတွက် ၀မ်းနည်းမယ် ဆိုရင်လည်း ၀မ်းနည်းလောက်ပါတယ်။ အမိမြေကို ကာကွယ်ဖို့မှ မဟုတ်တာကွယ်။ ရေနံကွင်းကို လိုက်ရှင်းနေတာလေ။
88 SharesLike ·  ·