Saturday, July 27, 2013

Interviewed Guest - U Thein Sein/Presenter - Stephen Sackur


Stephen Sackur
============
အင်္ဂလန်နိုင်ငံသား University of Cambridge, John F. Kennedy School of Government, Emmanuel College, Cambridge, Harvard University____
အလုပ်အကိုင်- သတင်းစာဆရာ၊၊

ငသိန်း
====
မြန်မာပြည်သား DSA။ Command & General staff college (ကလောမြို့ )၊၊
အလုပ်အကိုင်- သမ္မတ၊၊


သမ္မတတစ်ယောက်နဲ့ သတင်းစာဆရာတစ်ယောက်တွေ့ဆုံပွဲမှာ ကြောက်ဒူး
တုန်တုန် ထစ်ထစ်ငေါ့ငေါ့ အလွဲလွဲချော်ချော် ထပ်ခါတလဲလဲ အိနြေ္ဒမရဖြစ်ရ
သူလေးကတော့ ခင်ခင်ဝင်းယောင်္ကျား သဖြင့်လည်း ငပုတောသား ငသိန်းပဲ
ဖြစ်ပါတယ်၊၊ ငသိန်းဘာတွေဖြေသွားတယ်ဆိုတာကတော့ စိတ်ဝင်စားစရာ
မရှိပါဘူး၊၊ ဒီတစ်ခါ သဘောကျတာက အင်တာဗျူးသမားပဲဖြစ်ပါတယ်၊၊
အင်တာဗျူးဆိုတာ အဲလိုဖြစ်ရမယ်လို့ ညွှန်းဆိုချင်ပါတယ်၊၊ ဒဲ့တွေပါတယ်၊၊
တချို့ ချရေးထားချင်တယ်၊၊



(၁) အရင်ဆယ်စုနှစ်ခေတ်တုန်းက စစ်အာဏာရှင်ဘက်တော်သားစစ်စစ်ဖြစ်ခဲ့ပြီး
အခုပြောင်းလဲစေတဲ့ တွန်းအားက ဘာလဲ၊၊
(၂) DASSK အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို Sorry ပြောဖို့ရှိပါသလား၊၊
(၃) အစစ်အမှန်ပြောင်းလဲနေပြီဆိုတာကို ယုံကြည်နိုင်ဖို့ အရင်တုန်းကဖိနှိပ်ခဲ့တာ
တွေ မှားပါတယ်လို့ဝန်ခံစကားကို ကြားချင်ကြပါတယ်၊၊ နောင်တရမိပါသလား၊၊
နောင်တရကြောင်း ပြောဖို့ရှိပါသလား၊၊
(၄) နောင်တရသလား၊ မရဘူးလား၊၊
(၅) DASSK နဲ့ဆက်ဆံရေးက ဘယ်လိုရှိသလဲ၊၊
(၆) စစ်မှန်တဲ့ ဒီမိုကရေစီအတွက် စိတ်ပိုင်းဖြတ်ထားပြီလား၊၊
(၇) အကယ်၍ DASSK ရွေးချယ်ခံရခဲ့ရင် ဖွဲ့စည်းပုံကိုပြုပြင်မှာလား၊၊
(၈) သမ္မတတစ်ဦးတည်းနဲ့ ဖွဲ့စည်းပုံကို ပြုပြင်ဖို့မဖြစ်နိုင်ဘူးဆိုတာ နားလည်ပါ
တယ်၊ သို့သော် ဦးသိန်းစိန်ရဲ့ ပုဂ္ဂလိကဆန္ဒအနေနှင့်ကော ??
(၉) DASSK အနေနဲ့ ခေါင်းဆောင်နိုင်မယ်လို့ ယုံကြည်ပါသလား
(၁၀) ၂၅% တပ်မတော်ကကော??
(၁၁) CIA မှတ်တမ်းအရ ဗမာပြည်ရဲ့ ထိပ်သီးစီးပွားရေးဟာ စစ်အာဏာရှင်တို့ရဲ့
လက်ထဲမှာပဲ စုနေတယ်ဆိုတာကိုကော၊ ပြောင်းလဲသင့်သလာ??
(၁၂) အလကားစွပ်စွဲတာပေါ့ ဟုတ်လား၊ ဒါဆိုရင် သတ္တုတွင်း၊ သစ်လုပ်ငန်း၊
လယ်ယာမြေပိုင်ဆိုင်မှုတွေဟာကော ??
(၁၃) စီးပွားရေးနဲ့ပတ်သက်လို့ အရင် ၂၀ နှစ်လောက် တရုတ်နဲ့ပဲ ဆက်ဆံခဲ့ပြီး
အနောက်ဘက်ကို (USA) ဘက်ကိုဦးတည်တော့မလား??
(၁၄) မြစ်ဆုံရပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘေဂျင်းနဲ့ ဆက်ဆံရေးကျဲသွားမလား
(၁၅) အာဏာရှင်စနစ်တုန်းက နိုင်ငံရေးသမား ထောင်ချီသတ်ဖြတ်ခဲ့တာနဲ့ ပတ်
သက်ပြီး ပွင့်လင်းမြင်သာ၊ တရားမျှတမှုကိုရှာပေးဖို့ စိတ်ဆန္ဒရှိပါသလား၊၊
(၁၆) တရားမျှတမှု JUSTICE ကိုမေးတာပါ၊၊
(၁၇) နိုင်ငံရေးအကျဉ်းသားတွေ ရာဂဏန်းများများ မင်းတို့အကျဉ်းထောင်မှာ
ကျန်နေသေးတယ်လို့ HR တွေကပြောပါတယ်၊၊ အဲဒါအတွက်ကော ??
(၁၈) နိုင်ငံရဲ့လုံခြုံရေးအတွက် လို့သမ္မတကပြောနေပေမယ့် ကချင်ပြည်နယ်တွင်း
မှာပြည်သူတွေသတ်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေကော ကြားနေရပါတယ်၊၊
(၁၉) ရိုဟင်ဂါတွေနဲ့ ပတ်သက်လို့ကော ?
(၂၀) စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့ ကျင့်ထုံးအတိုင်း ဒီမိုကရေစီကျကျတရား
စီရင်ပြုဖို့ (အထူးသဖြင့်)ခင်ဗျားတို့ရဲ့ စစ်တပ်ကကော လက်ခံပါသလား၊၊
(၂၁) ဆိုဗီယက်ပြုပြင်ပြောင်းလဲရေးသမား ဂေါ်ဗာချေ လိုမျိုး ဘေးဖယ်ခံရနိုင်
တယ်လို့ စဉ်းစားမိသလား၊၊
(၂၂) ဒီမိုကရေစီကလေးအဆင့်ပဲရှိတယ်လို့ခင်ဗျားပြောပါတယ်၊ သို့သော် အရှေ့ 
တောင်အာရှနိုင်ငံက ဒီမိုကရေစီနိုင်ငံများနီးတူ ဖြစ်နိုင်ဖို့ ဘယ်လောက်ကြာမယ်
လို့ခန့်မှန်းသလဲ၊၊
(၂၃) president u thein sein thank you very much
thank you, thank you very much, I invite to you to visit myanmar!

(စံပြုထိုက်တဲ့ ဥပမာတစ်ခု)

So the question is:
Are you prepared to go all the way to creat the truely democratic country?
(ဖြေ)
ကျနော်တို့အစိုးရက သက်တမ်းအားဖြင့်လည်း တစ်နှစ်ခွဲသာရှိပါတယ်၊ အဲတော့ ဒီမို
ကရေစီရှေ့ကိုရှင်သန် ဖွံ့ဖြိုးဖို့အတွက်လုပ်စရာတွေ ကျနော်တို့အများကြီး ကျန်ရှိ
ပါသေးတယ်၊၊


၂၀၁၁-ဧပြီ
၂၀၁၂-ဧပြီ
၂၀၁၃-ဧပြီ = ၂ နှစ်တင်းတင်းနဲ့ ၃ လစွန်းခဲ့ပါပြီ၊၊ မေးခွန်းက တကယ်လုပ်ဖို့စိတ်
ပိုင်းဖြတ်ထားပြီလား လို့မေးတာဖြစ်ပေမယ့် ဖြေတာက (လုပ်မယ်/မလုပ်ဘူး)
ဆိုတာထက် လုပ်စရာတွေအများကြီးကျန်ရှီပါသေးတယ်လို့ပဲ ဖြေသွားပါတယ်၊၊
လုပ်စရာကတော့ ဘယ်တောအခါ မှကုန်သွားပြီလို့မရှိဘူးလို့ပြောချင်တယ်၊၊
မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့အဖြေက တခြားစီပါပဲ၊၊


ဒီလိုပါဗျာ.......... (မေး) ခင်ဗျားကြက်ဥကိုကြော်စားသလား၊ ချက်စားသလား၊၊
(ဖြေ)
သြော်ကြက်ဥက တစ်လုံးခွဲပါရှိပါသေးတယ်၊၊ ရှေ့ ဆက်လည်းအများကြီးဥဖို့ကျန်ပါ
တယ်၊၊ ကြက်ဥစားရတာကို ကြိုက်ပါတယ်ကွယ်၊၊ အားရှိစေတယ်လေနော်၊၊ ahek!
https://www.youtube.com/watch?feature=player_embedded&v=mh-zavndpTI
— with JJ Marip and Tsaw Ra Tsaw.