Sunday, July 21, 2013

မှန်းမျှော်မိသည် အနာဂတ်ဆီ




ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာမှာ ပထ၀ီဝင် အနေအထား မျိုးစုံရှိတဲ့ တိုင်းပြည် တစ်ခု ဖြစ်ပါတယ်။ ခေတ်မှီတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်မည်ဟု ကြွေးကြော်နေတဲ့ စစ်အာဏာရှင်ကြီးတို့ရဲ့ လေသံကို ယနေ့ခေတ် တိုင်းပြည်ရဲ့ ပျက်စီးယိုယွင်းနေတာနဲ့ နှိုင်းယှဉ်ကြည့်ပြီး ဟုတ်မှဟုတ်ရဲ့လား ဆိုတာကိုလည်း အတွေးနယ်ချဲ့မိပါတော့တယ်။

ဆီကိုရေချိုး ….ဆေးရိုးမီးလှုံ….စပါးတောင်လိုပုံ…ဆိုတဲ့ကျွန်တော်တို့နိုင်ငံတော်ကြီးဟာ ရှေးအခါက တိုင်ပြည်အုပ်ချုပ် မင်းလုပ်သော ဘုရင်တို့ဟာ တိုင်းခန်းလှည့် လည်ရင်တောင် ရွှေတို့ဖြင့်စီမံထားတဲ့ သလွန်ညောင်စောင်းပေါ်မှာ လဲလျှောင်းရင်း ရာပေါင်းများစွာသော အပျိုတော်တို့ ဝန်းရံလျှက် လှည့်လည်ခဲ့ကြပါတယ်။တိုင်းသူပြည်သားများမှာလည်း ကျွန်း ပျဉ်းကတိုး တို့ဖြင့်သာ အိမ်ဆောက်လုပ်ကြပါတယ်။ . သံ သွတ် ခဲပုတ် ငွေ ကြေး ကျောက်စိမ်း ပယင်း ကျောက်သံပတ္တမြား တို့များစွာထွက်ရှိပြီး သယံဇာတပေါများလှပါသော ရွှေနိုင်ငံတော်ကြီး ဟုတင်စားရလောက်အောင် တောင်တန်းကြီးများနှင့် ပင်လယ်ပြင်ကြီးတို့က ပတ်လည်ဝိုင်းရံ ပြီး မုတ်သုန်သစ်တောကြီးများ ကျောက်သံပတ္တမြား တို့များစွာထွက်ရှိတဲ့ တောင်တန်းကြီးများနှင့် ရေနံထွက်မြေ များ သီးပင်စားပင်စိုက်ပျိုးရန် မြေသြဇာ အလွန်ကောင်းသော မြေပြန့်လွင်ပြင်များ မြောက်မှတောင်သို့ ပင်လယ် ပြင်အထိ စီးဆင်းသည့် မြစ်ကြီးများနှင့် မည်သည့်နေရာမဆို စိုက်ပျိုးမြေ ဖြစ်ထွန်းပြီး ရွှေအလွန်ပေါသော ရွှေနိုင်ငံကြီးမှာ ရှည်လျားလှတဲ့ ကမ်းရိုးတန်း ရှိတယ်။ အဆင့်မီ လှပတဲ့ ပင်လယ်ရေချိုးဆိပ် အပန်းဖြေ စခန်းတွေ ရှိတယ်။

ကျွန်းငယ်ပေါင်း ရာချီ ပါဝင်တဲ့ ကျွန်းစု အခြေအနေ မျိုးလဲ ရှိတယ်။ မြစ်ဝကျွန်းပေါ်ဒေသ ၂ ခုတောင် ရှိတယ်။ အမြဲစိမ်းတော ၊ ရွက်ပြတ်တော ၊ မုတ်သုန်တော ၊ ဒီရေတော .. စတဲ့ သစ်တော မျိုးစုံ လွင်ပြင်ကျယ်တွေ တောင်တန်းတွေ မီးတောင် ၊ ရွှံ့မီးတောင်တွေ နှင်းဖုံးတဲ့ ရေခဲတောင်တွေ ကုန်းတွင်းရေအိုင်ကြီးတွေ ရှိတယ်။ မြစ်ကြီး စာရင်းဝင်တဲ့ ကိုယ်ပိုင်မြစ်ကြီး နှင့် မြစ်ချောင်း မြောက်များစွာ ရှိတယ်။ အရှေ့မှ အနောက် ၊ အနောက်မှ အရှေ့ ၊ မြောက်မှတောင် .. အပြင် .. တောင်မှ မြောက် ကို စီးတဲ့မြစ် အထိ ရှိတယ်။ အငူတွေ ၊ အမော်တွေ လဲရှိတယ်။ လုံးဝ သမုဒ္ဒရာထဲ ထီးတည်း ကျွန်းလဲ ရှိတယ်။ ကန္တာရ တပိုင်း အခြေအနေမျိုးလဲ ရှိတယ်။ကုန်းမြင့်လွင်ပြင်ကြီး တွေလဲ ရှိတယ်။နွေရယ် မိုးရယ် ဆောင်းရယ် ဆိုပြီးတော့ ဥတုရာသီ ၃ မျိုးတောင် ရှိတယ်။ သိပ်အေးတဲ့ နေရာတွေ ရှိတယ် ၊ သိပ်ပူတဲ့ နေရာတွေ ရှိတယ် ၊ သိပ်စိုစွတ်တဲ့ နေရာတွေ ရှိတယ် ၊ သမမျှတတဲ့ နေရာတွေလဲ ရှိတယ် ၊ စုံလို့ပါပဲ။. . . မသေးငယ် လှပေမယ့် ... ကြီးမားတဲ့ တိုင်းပြည်ကြီး လည်းမဟုတ် ပေမဲ့ ဒီလောက် စုံလင်ပြည့်စုံတာ ပြည့်စုံတဲ့ တိုင်းပြည် ရှားပါးတာ သတိပြုမိမှာပါ။ သဘာဝသဝယံဇာတ မထွက်ရင်တောင် ခရီးသွားလုပ်ငန်းနဲ့တင် တိုင်းပြည်ဝင်ငွေ တော်တော်ဖြောင့်မှာ။သို့သော် ကျွန်တော်တို့တိုင်းပြည်မှာ အဲဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံလွန်းလို့ တိုးတက်မှုကို ရပ်တန့်စေခဲ့ပါတယ်။

မြန်မာလူမျိုးတို့ဟာ တိုးတက်မှုကိုမရှာကြ တဖြေးဖြေး အပျင်းထူလာကြပြီး အပင်ပန်းမခံလို အချောင်လိုက် အချောင်လိုခြင်ကြတော့ တာပါပဲ။ နိုင်ငံတော်သည် သယံဇာတပေါသည် စိုက်ပျိုးမြေ ဖြစ်ထွန်းသည် ဆန်ရေစပါးပေါသည် အချိန်တန်လျှင် ထမင်းတလုပ်ဝနှိုင်သည် ရောင့်ရဲတင်းတိမ်နှိုင်ကြသည် လောဘမရှိ ထိုကဲ့သို့သော အသိများကြောင့် လူပင်ပန်းဘို့မလို အကြံဥာဏ်ထုတ်ဘို့မလို ကြိုးစားဘို့မလို မြန်မာပြည်တွင် ငတ်သေသူမရှိ ထိုသို့သော အတွေးအခေါ်များကြောင့် တပင်တပန်း အလုပ်မလုပ်ကြဘဲ လှုပ်ခါရွေ့ခါ မျှဖြင့်မပူမပင် ကောင်းကောင်းစား ကောင်းကောင်းဝတ် ကောင်းကောင်းဖြုံး ကောင်းကောင်းပျော် ရသမျှနှင့်သာ ပျော်မွေ့နေကြပြီး တဖြေးဖြေးပျင်းလာကြ၏။ ပျင်းသောကြောင့် ဖျင်းလာကြ၏။ ဖျင်းသောကြောင့် ကြာသော် ငတ်ကုန်၏။ ထို့ပြင် စိတ်အား ညံ့ဖျင်းလာကြ၏။ ဘယ်သူမဆို မိမိဘို့ချည်း စဉ်းစားလာကြ၏။ ဘယ်ကိစ္စမဆို မိမိဘက်ကချည်း တွေးတောလာကြ၏။ ဤမျှနိမ့်ကျသော စိတ်နေယိုယွင်းမှုတိုသည် ဝမ်းရောဂါကူးစက်သကဲ့သို့ နေရာအနှံ့ကူးစက်လာကြပေသည်။ ထိုသို့သောအကြောင်းအရင်းတို့မှာ တိုင်းပြည်၏ ဆုတ်ယုတ်လာရခြင်း အကြောင်းအရင်းပင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတို့မှာ “စီးပွားရေးကို ကောင်းမွန်စွာ မစီမံ မလုပ်ကိုင်တတ်ကြသဖြင့် မြန်မာပြည်သည် ကြီးပွားသော နိုင်ငံဖြစ်မလာခဲ့၊ သို့သော် မြန်မာပြည်၏ သဘာဝ သယံဇာတ ကြွယ်ဝချမ်းသာမှုက အနာဂတ်အတွက် မျှော်လင့်ချက် ထာဝစဉ် ရှိနေခဲ့ပါတယ်။ ယင်းအနာဂတ် မှာလည်း ပြည်သူတို့ လက်ထဲတွင် ရှိခဲ့ပါတယ်”ဒါပေမဲ့ သယံဇာတပေါကြွယ်ဝလှတဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဟာ စိတ်အား ယိုယွင်းပျက်စီးမှုတွေကြောင့် ကိုယ်ကျိုးရှာ စီးပွားရေးသောင်းကျန်းသူ စစ်အာဏာရှင် များကြောင့် ဖွတ်ဖွတ် ညက်ညက် ကြေခဲ့ရပါတယ်။ အဏာရူး နေဝင်းက အစပြုလို့ လက်နက်အားကိုး စစ်တပ်ကိုအသုံးချပြီး အဏာသိမ်းခဲ့ရာမှ ယနေ့ အထိတိုင် ကျွန်တော်တို့နိုင်ငံဟာ နလံမထူနှိုင်တဲ့ ဘဝကိုရောက်ခဲ့ရပါတော့တယ်။ ….

အစိုးရ၏ စီမံအုပ်ချုပ်မှုလွဲမှားချင်း အဂတိလိုက်စားမှု အကျင့်ပျက်ယိုယွင်းမှု စိတ်ဓါတ်အားညံ့ဖျင်းမှု တွေကြောင့် ပြည်သူလူထုမှာတော့ မည်သို့ပင် ပြဲလန်နေအောင် အလုပ်လုပ်စေကာမူ ထိုက်တန်သော အဘိုးအခမရကြ ကုန်ပစ္စည်းများကိုလည်း အဆမတန်ပေးဝယ်ကြရ သူတို့၏ဘဝများမှာ မည်သို့ပင်ကြိုးစား ရုန်းကန်ပါသော်လည်း ဒုံရင်း…ဒုံရင်း…ပါဘဲ။ အာဏာရှိသူတို့နှင့် ပူးပေါင်းကြီးပွားလာကြသော နီးစပ်သူ များသာ ကြီးပွားလာကြပါတော့တယ်။ အရည်အသွေးမရှိတဲ့၊ အခွင့်အာဏာမက်မောတဲ့၊ ကိုယ်ကျိုးရှာတတ်တဲ့သူတွေဟာ သစ္စာမရှိသော အုပ်ချုပ်သူလူတန်းစားတို့ထံ ၀န်းရံလာပြီး ဒီလူတွေဟာခွဲခြားစည်းရုံးတဲ့နည်းတွေနဲ့ ကိုယ်နဲ့ သဘောမတူသူတွေကို ဖြိုခွင်းတယ် တစ်ဦးနဲ့တစ်ဦး အကြား နားလည်မှုဟာ အခွင့်အရေးနဲ့ အာဏာဖြစ်လာစေပြီး အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေခဲ့ပါတယ်။ စီးပွားရေးသောင်းကျန်းသူတို့မှာ တို့မှာ ကုန်ပစ္စည်း အပေါ်တွင်လည်း ဈေးတင်သည် ပစ္စည်းရှားပါးလာလျှင်လည်း ဝယ်ယူပြီး လှောင်ထားလိုက်ကြပြီး အဆမတန်ဈေးနှင့်ရောင်းကြသည် မည်သို့မျှပင် အထိန်းအကွပ်မရှိကြ ပေ။ လူဦးရေသန်း ၆၀ တွင် သောင်းဂဏန်းမျှလောက်သာရှိသော ခရိုနီများ ၏ ချလှယ်မှုကို ပြည်သူလူထုမှာ ရင်စီး၍ ခံနေကြရပါတယ်။ အဲဒီလိုနဲ့ ခရိုနီ ဆိုတဲ့ လူတန်းစားတရပ်ပေါ်ထွက်လာပါတယ်။ ခရိုနီတွေဆိုတာ အာဏာရှိသူတွေနဲ့ ပေါင်းစားပြီး ကောင်းစားခဲ့သူတွေ၊ သူတို့ဟာ လူချမ်းသာတွေပေါ့ဗျာ။ ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှု ရှိနေတာတွေ့ရပါတယ်။ နီးစပ်ရာအာဏာပိုင်တို့နှင့် ပေါင်းစားရိုက်စားသော အကျင့် တပြည်လုံးသို့ပျံ့နှံ့လာခဲ့ရပါတယ်။စစ်အာဏာရှင်တို့ဟာ နိုင်ငံပိုင် ပစ္စည်းဟူသမျှ သူတို့၏သားသမီးများသာမက အပေါင်းအဖေါ်များပါ ထင်သလိုစားသုံးကြစေပါတယ်။သူတို့ ၏သားသမီးများမှာ ဒါဒို့ပြေ၊ဒါဒို့မြေ၊ဒါငါတို့မြေ ဟု နိင်ငံတခုလုံးကို အပိုင်စားစေဟူသော စိတ်ဓါတ် ကို ငယ်စဉ်ကပင်သွင်းထားခဲ့ကြပါတယ်။ နိုင်ငံတော်တိုးတက်ဖို့ထက် ကိုယ့်အိပ်ဖောင်းဖို့၊ ပြည်သူတွေသက်သာချောင်ချိဖို့ထက် ကိုယ့်အတွက် အမြတ်များများ ခေါင်းပုံဖြတ်ဖို့ အားသန် သူတွေ လက်ထဲ ရောက်မဲ့ စီးပွားရေးအနာဂါတ်ကို မြင်ယောင်ပြီး ရင်လေးမိပါတယ်။

ငယ်စဉ်ကလေးဘဝကပင် သွပ်သွင်းခဲ့သော ပညာရေးစနစ်နှင့် ခေတ်စနစ်ရဲ့ စေစားချက်ကြောင့် စစ်ဗိုလ်တွေ စိတ်ရူးပေါက်တိုင်းပေးလိုက်ကြတဲ့ ကို့ယို့ကားယား နိုင်ငံတော်လမ်းညွှန်တွေကြောင့် ဇောက်ထိုးမိုးမျှော် ဖရိုဖရဲနဲ့ နောက်ဆုံး ခြစား လောက်ကိုက်ဖြစ်ပြီး အသိပညာပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးခြင်းကြောင့် လူ့အဖွဲ့အစည်းမှာ အကြောက်တရားကသာ အရာရာကိုလွှမ်းခြုံသွားပြီး မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်နှိုင်စွမ်းလည်း တပါတည်း ပျောက်ဆုံးသွားတာကိုတွေ့ရပါတယ်။စစ်အာဏာရှင်တွေ အုပ်စိုးတဲ့နိုင်ငံတွေမှာ အာဏာရှင်တွေဟာ မိမိတို့အာဏာတည်မြဲရေး အတွက် ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို နည်းမျိုးစုံသုံးပြီး နှိတ်ကွပ်ရာမှာ အဆိုးဆုံးအချက်ကတော့ အသိပညာပိုင်းဆိုင်ရာကို နှိတ်ကွပ်ဖျက်ဆီးခြင်းပါဘဲ ။ ဒီလိုနည်းနဲ့ဘဲအာဏာရှင်တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ သူတို့အလိုတော်ကျ ကပြအသုံးတော်ခံပေးမဲ့ လူတန်းစားတရပ်ကို မွေးမြူနှိုင်လိုက်ကြပါတယ်။ အဲဒီလူတန်းစားတွေကဘဲ အဲဒီလူ့အဖွဲ့အစည်းကို ပြန်လည် နှိတ်ကွပ်မဲ့ ယန္တရား တစ်ခု ဖြစ်မှန်းမသိဖြစ်လာရပြန်ပါတယ်။ ဒီလိုနဲ့ဘဲ အာဏာရှင်စနစ်ဟာ အမြစ်တွယ်ညိပြီး အာဏာရှင်စက်ဝန်းထဲမှာ သံသယာလည်နေရပြန်ပါတယ်။ စစ်အာဏာရှင် အာဏာရူးတွေကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ အစစအရာရာ နောက်ကျခဲ့ရပါပြီ။နှစ်ပေါင်းများစွာလည်း နောက်ကျလို့နေပါပြီ။

ထိပ်ပိုင်းမှစပြီး အကျင့်ပျက် ယိုယွင်းမှုကြီးမှာ ခြစားသကဲ့သို့ အောက်ခြေအထိပါ လှိုက်စားလို့ဖြင့်နေပါပြီ။တိုင်သူပြည်သားတို့မှာလည်း တပင်တပန်း အလုပ်မလုပ်ကြဘဲ လှုပ်ခါရွေ့ခါ မျှဖြင့်မပူမပင် ကောင်းကောင်းစား ကောင်းကောင်းဝတ် ကောင်းကောင်းဖြုံး ကောင်းကောင်းပျော် ရသမျှနှင့်သာ ပျော်မွေ့ကြပြီး နိုင်ငံ၏ ရှေ့အနာဂတ် အတွက် ဖြစ်ပ်ါလာမည့် အကျိုးဆက် ခံစားရသည့် ရင်မှလှုပ်ခတ်မှု တို့ကို ပြောပြတတ် သူ မရှိအောင်ရှားပါးလာပါတော့တယ်။ ၎င်းမှာ မိမိကိုယ်ကျိုးအတွက် တကိုယ်ကောင်းစိတ်မွေး မြူရေး၏ ပင်ရင်းအစပင် ဖြစ်ပါတော့တယ်။ စစ်အာဏာရှင်တွေဟာ နိုင်ငံတော်ရဲ့စီးပွားရေးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းထဲပို့ခဲ့ပါတယ်။တဆင့်ပြီးတဆင့် အရည်းအချင်းမရှိပဲ ရာထူးလိုချင်တဲ့ အရှက်ကင်းမဲ့တဲ့ အချောင်သမား၊ တွေပြန်အုပ်ချုပ်လိုက်တဲ့ နှစ်ငါးဆယ်ကျော်မှပဲ အဆင်းရဲဆုံးနိုင်ငံထဲ မှာထိပ်ဆုံးစာရင်းရောက်ခဲ့ရတော့တာပါပဲ...။နိုင်ငံတော်သာ ဆင်းရဲခဲ့ပေမဲ့ အုပ်ချုပ်သူ လူတန်းစား တစ်စု နှင့် နီးစပ်သူ အသိုင်းအဝိုင်း မှာတော့ ….ပြောမပြနှိုင်လောက်အောင်ပင် ကြောက်ခမန်းလိလိ ချမ်းသာနေကြတာ ကမ္ဘာအချမ်းသာဆုံးဆိုသော ပုဂ္ဂိုလ်များကိုပင် သူတို့က ဟားတိုက်ရီနေကြမှာ ပင်ဖြစ်ပါတယ်။

အုပ်ချုပ်သူ လူတန်းစားနှင့် စစ်ခရိုနီကြီးများ၏ အကျိုးစီးပွားဖြစ်သော (နိုင်ငံအတွက်မပါ) လုပ်ငန်းအများစုမှာ တရုတ်နိုင်ငံကြီး၏ ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာအတွင်းသို့ သပ်လျှိုဝင်ရောက်နေကြခြင်းပင်ဖြစ်ပါတယ်။ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောများမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပါပြီ။ အဲဒီလို ခိုးထုတ်နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူးအပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများသာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း ပါဝင် ပတ်သက်ခဲ့ကြပါတယ်။ သစ်ပင် သစ်တောတွေ နည်းပါးသွားတဲ့ အတွက် အရေးအကြီးဆုံးဖြစ်တဲ့ မုတ်သုံရာသီဥတု မုတ်သုံမိုး အ၀င်နောက်ကျတာ၊ အထွက်စောတာ၊ မုတ်သုံကာလ တိုတောင်းသွားတာ၊ အပူချိန် မြင့်တက်လာတာ၊ သမရိုးကျ မဟုတ်တဲ့ မိုးလေ၀သ အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်တာ စတာတွေ တွေ့ကြုံ လာရပါတယ်။

နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။

အရှည် ၇၉၃ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှစတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံတွင်းသို့တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ဇူလိုင် ၁၅ ရက်၂၀၁၃ခုနှစ် ကစပြီး ပို့ဆောင်နေပြီဖြစ်ပါတယ်။စာချုပ်သက်တမ်းမှာတော့ နှစ်ငါးဆယ် ပင်ဖြစ်ပါတယ်။

မြန်မာ့ကြေး (Copper) သဘာဝသိုက် (Mine) ကို တရုတ်ကို ထုတ်လုပ်ခွင့်ပေးခဲ့ပါတယ် လက်ပံတောင်းတောင် စာချုပ်ဟောင်းအရ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီမှ ထုတ်လုပ်မှုအပေါ် ၉၆ ရာခိုင်နှုန်းအထိ ရရှိပြီး အစိုးရမှ လေးရာခိုင်နှုန်းသာ ရရှိခဲ့ရပြီး လက်ပန်းတောင်းတောင်ဒေသခံ ပြည်သူများ၏တောင်းဆိုချက်အရ၊တောင်သူလယ်မားတို့၏ ကျေးဇူးတော်ကြောင့် ပြန်ပြင်သည့် စာချုပ်မှာ အစိုးရမှ ၅၁ ရာခိုင်နှုန်းအထိ ပြန်ရမည်ဖြစ်ပါတယ်။ နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို လက်ပန်းတောင်း တောင် တောင်သူလယ်သမားများက မဆုတ်မရွံ့သော စိတ်ဓါတ်ဖြင့် စုပေါင်းကာကွယ်သွားကြတာဘဲဖြစ်ပါတယ်။လက်ပန်းတောင်း တောင်သူလယ်သမားတို၏ နိုင်ငံနှင့်လူမျိုး အပေါ်သစ္စာစောင့်သိမှုမှာ ကမ္ဘာကပင် သိခဲ့ပါပြီ။ မြန်မာတမျိုးသားလုံး နိုးကြားကြဘို့ အချိန်တန်ပါပြီ….

မြန်မာ့ဆန် ရာခိုင်နှုန်း ၈၀ ခန့် တရုတ်သို့ တင်ပို့နေပြီး ၅ မှတ်၊ ၁၀ မှတ်၊ ၁၅ မှတ်၊ ၂၅ မှတ်၊ ပေါင်းဆန်နှင့် ကောက်ညှင်းဆန်တို့ကိုပါ တင်ပို့နေပါတယ်။တရုတ်နိုင်ငံက မြန်မာပြည်မှစီးပွားရေး၊ စစ်ရေး အရရှားပါး လှစွာသော အခွင့်အရေးကြီးများကို စစ်သူကြီးများ၏ ကျေးဇူးတော်ဖြင့် ရရှိလျက်ရှိနေပါတယ်။

မန္တလေးတွင် တရုတ်လူမျိုး များစုနေထိုင်လာကြသည့်အတွက် မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို၊ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ် အမျိုးသားတို့လက်တွင်း သို့ကျရောက်ခဲ့ကြရပြီးမန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ် ကွက်များသို့ လွင့်ပါးသွားခဲ့ကြရပါတယ်။ တရုတ်အမျိုးသားတို့များ လာ၍ တရုတ်ယဉ်ကျေးမှုလွှမ်းလာသည်မှာ မဆန်းပါ။ ဆန်းသည်က အဆိုပါ တရုတ်အမျိုးသားတို့သည် မန္တလေးကို ဘယ်လိုဘယ်ပုံ ဘယ်လိုပုံစံဖြင့်ဝင်ရောက် လာကြသနည်းဆိုသည်က ဆန်းနေခြင်းဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံ အရှေ့မြောက်အရပ်တွင် လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ။ အနောက်ဘက်တွင်ကား လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန်္ဒိယနိုင်ငံနှင့် လူဦးရေသန်း (၂၀၀) နီးပါးရှိသည့် ဘင်္ဂလားဒေ့နိုင်ငံ လူဦးရေ တိုးတက်မှုနှုန်းများသည့်နိုင်ငံမျာ အကြားတွင်ရှိနေတဲ့အတွက် လူမျိုခံရမည့် အန္တရယ်မှာလည်း အမျိုးသားအကျိုးစီးပွားများအတွက် အနောက်ဘက်တံခါးရော အရှေ့မြောက်တံခါးပါ လုံခြုံရန်အရေးကြီးနေပါပြီ်

ဘူးသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီက လူဦးရေ၏ ၉၆ ရာခိုင်နှုန်း၊ ဌာနေတိုင်းရင်းသားက ၄ ရာခိုင်နှုန်း။ မန်္တလေးမြို့ကြီးတွင် တရားဝင်စာရင်းအရ တရုတ်အမျိုးသား အိမ်ထောင်စု ငါးသောင်းကျော်ရှိ နေပါပြီ။စစ်အုပ်ချုပ်ရေး၏ စည်းစနစ်မဲ့မူ၊ လွဲမှားသောစီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှုတို့၏ အကျိုးဆက်ပင်ဖြစ်ပါတယ်။မြန်မာနိုင်ငံသားတစ်ဦး၊ တိုင်းရင်းသားပြည်သူတစ်ဦး အမျိုးသားမှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံး၍ အသစ်ပြန်လည်ပြုလုပ်သည်ပင်လျှင် မည်မျှခက်ခဲကြောင်း ကြုံဖူးကြမည် ထင်ပါတယ်။ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများဖြင့် လ.၀.က ရုံးသို့ အခေါက်ခေါက်အခါခါသွားပြီးမှ ကိစ္စပြီး မြောက်ပါတယ်။ နဝတ လက်ထက်က ကိုယ့်ကိုထောက်ခံဖို့ တစ်ခုထဲအတွက် ယခင်က ဖွဲ့စည်းထားတဲ့ နစကလို့ ခေါ်တဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ထောက်လှမ်းရေး အသွင်ပြောင်း တပ်ဖွဲ့ဝင် တချို့လူများရဲ့ အဂတိလိုက်စားမှုကြောင့် အနောက်ဘက်မှ ၀င်လာကြသော ၉၆ ရာခိုင်နှုန်းသောသူများ၊ မန္တလေးမြို့ပေါ်သို့ အရှေ့မြောက်မှ ၀င်ရောက်လာသူများမှာ လွယ်လွယ်ကူကူ မှတ်ပုံတင်ရကြ၊ နိုင်ငံသားဖြစ်ခဲ့ကြရသည်မှာ မြန်မာပြည်ဖွား သစ္စာမဲ့သူများ၏ အကျင့်ပျက်ယိုယွင်းမှုကြောင့်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ရှေ့ကာလ လူမျိုးဆက်များမှာ ကုလားပေါက်ဖေါ်လေးများသာ ဖြစ်လာပေတော့မည်။ နောက်ဆက်တွဲ ရခဲ့တဲ့ ရလဒ်ကတော့ လတ်တလော ကြုံတွေ့နေကြသော ပဋိပက္ခများ၏ အခြေခံအကြောင်းရင်းများ လူမျိုးရေး၊ ဘာသာရေးပြသနာများ စီးပွားရေးနှင့်နိုင်ငံရေး အရ တဖြည်းဖြည်းချင်းလည်မျိုအထိ ၀ါးမျိုလာမည့် ပြဿနာများပင်ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားတစ်ခုလုံးသည် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဟု ကြွေးကြော်ရုံသက်သက်ဖြင့်တော့ တစ်စုံတစ်ရာ အကျိုးထူးလာလိမ့်မည် မဟုတ်ပါ။စိတ်ခံစားမှုအပေါ် အာရုံညွတ်ခြင်းထက် လက်တွေ့ကျကျ အမြင်ကျယ်ကျယ်တွေးခေါ်နိုင်ရန် အုပ်ချုပ်ရေးပိုင်းမှပုဂ်္ဂိုလ်များ အထူးသဘောပေါက်ရန် လိုအပ်ပါတယ်။

အရေးတကြီးလုပ်ဆောင်ရမှာကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တိတိကျကျ စစ်ဆေးဆောင်ရွက်ရ မှာပါ ဒါဟာ နိုင်ငံတော်အရေး အမျိုးသားရေး ဖြစ်ပါတယ်။ နေရာတိုင်းမှာ တရားဥပဒေကို အခြေပြုပြီး တိကျပြတ်သားစွာ စစ်ဆေးဆောင်ရွက်ဖို့သာ လိုပါတယ်။ လမ်းပြသူ၊ ခေါ်ဆောင်လာသူ၊ နောက်ကွယ်မှကြိုးကိုင်သူ၊ လမ်းကြောင်းရှင်းသူ၊ လာဘ်ငွေယူပြီး သွားစေသူ၊ လမ်းကြောင်းတလျှောက် ဂိတ်အဆင့်ဆင့် ဖြတ်ကျော်ရာတွင် တာဝန်ရှိသူများ ပါဝင်ပတ်သက်မှု၊ စသည်ဖြင့် ရှိကြရာ အားလုံးကို ဖေါ်ထုတ်အရေးယူနိုင်ဖို့ လိုပါတယ်။လ၀က ရုံး ၀န်ထမ်းတွေ ကလည်း နိုင်ငံတော်အပေါ်မှာ သစ္စာရှိဖို့ ဒီအချိန်မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီဖြစ်ပါတယ်၊ဒီလိုအချိန်မှာ နိုင်ငံတော်အတွက် အရေးကြီးတဲ့ တာဝန်တွေကို မိမိကိုယ်ကျိုးအတွက် အသုံးမပြုဘဲ တိုင်းပြည်မျက်နှာကို ကြည့်ရမယ်အချိန်ကိုေ၇ာက်နေပါပြီ။

နိုင်ငံနှင့်လူမျိုး ပိုင်ဆိုင်တဲ့ အမိမြန်မာပြည်ကြီးကိုသာမက နိုင်ငံနှင့်လူမျိုးရဲ့ အသက် သွေးကြောဖြစ်သည့် မြန်မာ့ဧရာဝတီမြစ်ကြီးကိုပါ အပိုင်စီးသိမ်းပိုက်နိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာဖြင့် သပ်လျှိုကာ ကြိုးပမ်းလာနေပြန်ပါပြီ။ မြစ်ဆုံဆည်ကြီးနှင့် ဆည်ဝန်းကျင်တွင် ရေကာတာများစွာ ဝိုင်းရံ တည်ဆောက်နေသည်မှာ အမိရင်ခွင်၌ နှစ်ရာထောင်ချီ၍ ငြိမ်းချမ်းစွာ စီးဆင်းလျက် နိုင်ငံနှင့်လူမျိုးကို အသက်ဆက် ပေးနေရှာသော ကမ္ဘာ့မြစ်များ စာရင်းဝင် မြစ်မင်းဧရာဝတီကြီး ပျောက်ပါက မြစ်ဝကျွန်းပေါ်မှသည် ပင်လယ်ဝအရောက် မြစ်ရိုးတလျှောက် ချောင်းကော မြစ်ကောတွေ ဖြစ်လာစေတဲ့ အပြင် မြစ်ရေလျှံတာတွေ၊ ကမ်းပါးပြိုတာတွေလည်း ဖြစ်ပေါ် စေပါတယ်။ပိုဆိုးတာက ရွှေတူးဖော်ရာမှာ သုံးတဲ့ ပြဒါး၊ ခဲနဲ့ ဆိုင်ရာနိုက် တွေကြောင့် ရေသတ္တ၀ါတွေ အပါအ၀င် လူတွေကို ဒုက္ခရောက် စေနိုင်ပါတယ်။ ပြဒါးသင့် ငါးတွေကို လူတွေက စားသောက်မိရင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ဆုတ်ယုတ်စေတာတွေ၊ ဉာဏ်ရည် နိမ့်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ သဘာဝ ၀န်းကျင် ထိခိုက်မှုရဲ့ အကျိုးဆက်ဟာ အနာဂတ်အတွက် ဖြေဆေးမဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်သွားစေနိုင်ပါတယ်။

တိုင်းသူပြည်သားတို့မှာလည်း ဆင်းရဲတွင်းနက်လာကြရသောကြောင့် တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာမရှိကြတော့ မိမိတို့ကိုယ်ကျိုးအတွက်သာ ဆင်းရဲတွင်းမှလွတ်မြောက်အောင် ရုန်းကန်လာခဲ့ကြပါတယ်။ထိုကဲ့သို့သော အုပ်ချုပ်ရေးစနစ်အောက်တွင် လိုက်လျှောညီထွေစွာ နေတတ်သူတို့ အဖို့ အကျိုးလည်းရှိ၏ စီးပွားလည်းတက်၏ အစိုးရမင်းများ၏ ချီးကျူးဂုဏ်ပြုခြင်းပင် ခံကြရပါတယ်။ တစ်စနှင့်တစ်စ ကိုယ်ကျိုးရှာလာကြခါ အုပ်ချုပ်သူတို့မှာလည်း လူမိုက်များမွေး၍ ပြည်သူလူထုတို့၏ အကျိုးစီးပွားကိုထိခိုက်စေခဲ့ပါတယ်။ ပြည်သူလူထုတိုမှာ စီးပွားအဆင်မပြေဖြစ်လာကြည့်အခါ ထိုလူဆိုးလူမိုက်တို့ထံ ဆက်ကြေး ပေးကြရပါတယ် ယင်းလူဆိုးလူမိုက်များနှင့် အုပ်ချုပ်သူတို့မှာ ဝေမျှခံစားကြပါတယ်။ သြဇာအဏာရှိသူများက အကြမ်းဘက်လုပ်ရပ်များအတွက် အပြစ်မရှိသူများ ဟု အထင်ရောက်စေရန် စိတ်ကြီးဝင်နေသူများအဖြစ် သွတ်သွင်းခဲ့ပြီး အာဏာပိုင်များက အကြမ်းဖက် ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် သူရဲကောင်းဆုများပေးခြင်း ရာထူးတိုးမြှင့်ပေးခြင်း တို့ဖြင့် မက်လုံးများပေးကာ မရှိဆင်းရဲသားများ လောဘ ရမ္မက်သားကောင်များ လူရမ်းကားများအတွက် အခွင့်ကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။ ယခင်တုံးက ရပ်ကွက်ထဲမှာ လူမိုက်လို့ သတ်မှတ်ထားပြီး လူရာဝင်စာရင်း မရှိကြတဲ့ သူတွေက ကြံ့ဖွံ့ဖြစ်လာပြီး အရေးပါအရာရောက် လာသလိုတွေဖြစ်နေတော့ ပိုပြီးအံ့သြရပါတယ်။

တောင်သူလယ်သမားကြီးများ ဘဝကိုကြည့်ပြန်တော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စစ်တပ်က အထက်လူကြီးတွေပေါင်းပြီး တောင်သူလယ်သမားကြီးများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ကြပါတော့တယ်။ လယ်မြေတွေသိမ်း ခံရတယ် ။ ကျေးရွာ ပြည်သူလူထု တွေဟာ စစ်တပ်ရဲ့ လူမဆန်စွာ ပြုကျင့်ခံရပုံတွေ ပေါ်တာဆွဲတာ၊ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေဟာ မထူးဆန်းတော့သလို လယ်ယာမြေများကိုလည်း တပ်ပိုင်အဖြစ် မတရား သိမ်းယူတာမျိုး အပြင် တိုင်းရင်းသူလေးများအား စော်ကားဖျက်ဆီးကြတဲ့အထိ အတင့်ရဲ ကြတာမျိုးတွေဟာလည်း ပျင်းတောင် ပျင်းသေးတယ်လို့ ပြောရမလို ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုသာ ဖြစ်နေပါတယ်။ လူမွဲဆိုသူတို့မှာ ကုန်းရရုန်းရ လုပ်ကိုင်ရသောကြောင့် မောပန်းလွန်းလှပြီး သေလည်းမသေဝံ့ ခွဲဝေမျှတမှုမရှိသော လူချမ်းသာတို့ဆီမှလည်း မလုယက်ဝံ့ ရင်တွင်းမြိုသိပ်လျှက် အစရှာမရဘဲ တနုံ့နုံ့ နှင့် ကြိတ်မှိတ်ခံစား နေကြရပါတယ်။

နစ်နာသူတို့မှာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေကြသော ပြည်သူတို့ပင်ဖြစ်ပါတယ်။ အမှန်စင်စစ်မှာ ထိုအုပ်ချုပ်သူတို့ကသာဖန်တီးပြီး ပြည်သူလူထုထံမှ ငွေညှစ်နေကြခြင်းဖြစ်ပါတယ်။ အထက်မှအုပ်ချုပ်သူများမှာလည်း ထိုကဲ့သိုပေါင်းပြီး မျှဝေကြခြင်းဖြင့် မိမိတို့ လက်ထက်တွင် ရပ်ရွာ အေးချမ်းသည်ဟု နာမည်ရခါ ရာထူးဂုဏ်ထူးများတက်နေ ကြရပြန်ပါတယ်။ ထိုနည်းများဖြင့် အကျင့်ပျက်ခြစားလာတာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ အရင်းအမြစ်မှာ နိုင်ငံတော်အုပ်ချုပ်သူ လူတန်းစားများ ကိုယ်တိုင် အချောင်ဖြတ်လမ်းမှလိုက်၍ ကြီးကျယ်ခမ်းနားလိုမှု ပျင်းမှု ကြွားဝါလိုမှု မရိုးသားမှု တို့ကြောင့် မျိုးချစ်စိတ်ကင်းမဲ့ပြီး နိုင်ငံတော် ဆင်းရဲတွင်းထဲ နစ်ခဲ့ရတာပင်ဖြစ်ပါတယ်။ အဓိကချို့ယွင်းချက်မှာ အကျင့် ယိုယွင်းမှုပင်ဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံအသီးသီးမှာ ပေါ်ထွန်းခဲ့ကြတဲ့ အာဏာရှင်တွေဟာ လက်နက်အားကိုးနှင့် သတ်ဖြတ်ပြီးမှ အကြောက်တရားဖြင့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခဲ့ပါတယ် ။ ကျွန်တော်တို့ နိုင်ငံက အာဏာရှင်တွေကတော့ သူတို့ထက်ပိုပြီး ယုတ်မာပါတယ် လက်နက်အားကိုးနှင့် သတ်ဖြတ်ပြီးမှ အကြောက်တရား ဖြစ်စေတဲ့အပြင် လူတို့၏ လူနေမှုဘဝကိုပါ ရိုက်ချိုးဖျက်ဆီး လိုက်ခြင်းပါဘဲ။ ဖမ်းဆီး နှိပ်စက်ပြီး နှစ်ရှည် ထောင်ဒဏ်တွေချ၊ နှိပ်ကွပ် တာတွေကြောင့် အကျဉ်း ကျနေသူတွေဟာ မိသားစုတွေနဲ့ အိမ်ထောင်ကွဲသူတွေ၊ သားသမီး မိသားစုတွေနဲ့ ကွဲသူတွေ၊ သေကွဲကွဲသူတွေ၊ ရှင်ကွဲကွဲသူတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျမ်းမာရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ နည်းအမျိုးမျိုး ထိခိုက် ပျက်စီးမှု တွေကို ခါးစည်းခံခဲ့ကြရပါတယ်။နိုင်ငံရေးနှင့်ပါတ်သက်ပြီး နှိပ်ကွပ်ခံခဲ့ရသူတွေ ကတော့ လွတ်မြောက်လာပြီးတဲ့နောက် အများစုက အပြင်လောကမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနဲ့ ဘဝရပ်တည်ဖို့ အခက် အခဲတွေ ရင်ဆိုင်နေရကြတာလည်း မနည်းပါဘူး။အပြင်လောကက လုပ်ငန်းတွေ၊ အတတ်ပညာတွေနဲ့ အံဝင်မှု မရှိတော့ ဝမ်းရေးအတွက်၊ အတည်တကျ မရှိတဲ့ ကြုံရာ ကျပန်း အလုပ်တွေကိုပဲ ရှာဖွေ လုပ်ကိုင် နေကြရတာပါ။ လူငယ်တွေရဲ့ ဘဝ အညွန့်တလူလူ တက်စ အသက် ၂၀ ဝန်းကျင် ကာလမှာ တရားခံ အစစ်မဟုတ်ဘဲ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ အကျဉ်းချ ခံခဲ့ရတဲ့အတွက် သူတို့ဘဝတွေဟာ စိတ်ပိုင်းကော၊ ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေမှာ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ် လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ကိုယ့်နိုင်ငံ အကြောင်း အကောင်း အဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင် ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့ရတယ်။ ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီ ဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုး အမှန်ပဲ။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မပါဘူး။

လူသည် လူသာလျှင်ဖြစ်ပါတယ် ကြီးကျယ်သည်မြင့်မြတ်သည်မရှိပါ လူကို လူလို့ဘဲမြင်စေခြင်ပါတယ် လူတို့သည် မိမိဖြစ်တည်ရာအရပ် ဖြစ်တည်ရာအမျိုးတို့တွင် အချောင်ခိုမနေကြပဲ ကြီးပွားတိုးတက်အောင် အားသွန်ကြိုးစားကြဘို့သာလိုပါတယ်။ သို့မှသာမိမိတို့ဘာသာ ကြီးကျယ်တိုးပွားနှိုင်ပါမယ်။ အချောင်ရယူလိုစိတ် သူတပါးအပေါ် အနိုင်ကျင့်လိုစိတ် မိမိကိုယ်ကျိုးအတွက် သူတပါးအပေါ် ခေါင်းပုံဖြတ်လိုစိတ် အတွေးအခေါ်မျိုးတွေပါ ဖျောက်ဖျက်ပစ်၍ မိမိတို့နိုင်ငံ မိမိတို့လူမျိုး တိုးတက်ကြီးပွားရေးအတွက်သာ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကျော်နှိုင်မည့် ခေတ်ရောက်အောင် တကယ့်မျိုးချစ်စိတ်များ ပေါ်လာအောင် ပညာပေးဘို့လိုပါတယ်။
By.fb-ဇော်ဝမ်းမောင်