Tuesday, July 23, 2013

မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ဦးဘရန်ရှောင် ယနေ့ လွတ်ပြီ

Jade Land's photo.


23 July 2013 post by Kachin Wave

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် မြစ်ကြီးအားထောင်တွင် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ဂျန်မိုင်ကောင်းနှစ်ခြင်းစစ်ရှောင်စခန်းတွင် နေထိုင်သည့် ဦးလထော်ဘရန်ရှောင် ယနေ့ နေ့လည်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်လာပြီး ဖြစ်သည်။

ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင်ဖြင့် ပြန်လည်လွတ်မြောက်လာအပေါ် ဦးဘရန်ရှောင်က “အရမ်းဝမ်းသာပါတယ်” ဟုပြောသည်။

လွန်ခဲ့သည့်အပတ်တွင် မြစ်ကြီးနားတရားရုံးမှ ဦးလထော်ဘရန်ရှောင်ကို ထောင်ဒဏ်(၂) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက “မြစ်ကြီးနားကတော့ ဇာတ်လိုက် ဦးဘရန်ရှောင်ပါတာပေါ့။ပြန်လည်လွတ်မြောက် လာတဲ့ အကျဉ်းသားထဲမှာ တိုင်းရင်းသားတွေ အများပိုင်းဖြစ်တယ်”ဟုပြောသည်။

ဝန်ကြီးဦးအောင်မင်းနှင့် ကုလသမ္မကအထူးကိုယ်စားလှယ်မစ္စမာရီယာတို့သည် ယခုအချိန်တွင် ကေအိုင်အို၏ Technical Advisory Team ရုံးဖွင့်ပွဲကို တတ်ရာက်ကာ မြစ်ကြီးနားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဦးလထော်ဘရန်ရှောင်နှင့် အတူမြစ်ကြီးနားမှ လွတ်မြောက်လာသူ (၁၃)ယောက်ဖြစ်သည်။ ကချင်ပြည်နယ်တွင်ရှိ အကျဉ်းထောင်များဖြစ်သော ဗန်းမော်၊မြစ်ကြီးနား၊ ပူတာအို စသည့် အကျဉ်းထောင်များမှ စုစုပေါင်း (၂၇)ဦးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား (၇၀)ကျော် ကိုတစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ယနေ့ လွတ်ပေးခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

တစ်နှစ်အတွင်း ထောင်ဝင်စာ သွားတွေ့ခြင်းနှင့် ရုံးချိန်းသွား များတွင် စုစုပေါင်းငွေသိန်း (၂၀)ကျော်ကုန်ပြီ ဖြစ်ကြောင်းနှင့် ရုံးချိန်းသွားရန်နှင့် ထောင်ဝင်စာသွားတွေ့ သည့် အချိန်တွင် ကုန်ကျသည့် စရိတ်များကို ကုန်စိမ်း ရောင်းကာ လှည့်ပတ်ပိုက်ဆံရှာဖွေရသည်ဖြစ်ကြောင်းသိရသည်။

ဦးလထော်ဘရန်ရှောင်အားစီရင်ချက်ချပြီး တစ်ပတ်အတွင်း လွှတ်ပေးရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မေလ(၃၁) ရက်နေ့ မြစ်ကြီနားတွင် စစ်ပြေးဒုက္ခသည်များ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင် ပြောဆိုမှုများရှိခဲ့သည်။

ထိုပုဒ်မဖြင့် ဖမ်းဆီးကာ မတရားညှင်း
ပန်း နှိပ်စက်မှု များပြုလုပ်ခဲ့ကြောင်းနှင့် ထိုသို့နှိပ်စက် မှုများအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် သို့တိုင်ကြား ခဲ့ပြီး လိုအပ်သည့်စုံစမ်း စစ်ဆေးမှုများ လည်း ပြုလုပ်ခဲ့သည်။

ကုလသမ္မကမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်(စ်) ကွီန်တားနား လာရောက်စဉ် တွင်လည်း ဇနီးဖြစ်သူက မိမိခင်ပွန်း၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ဦးလထော်ဘရန်ရှောင်အား ၂၀၁၁ခုနစ်၊ဇွန်လ ၁၇ ရက်နေ့တွင် စစ်ဘက်ဆိုင်ရာအထူးစုံစမ်းရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီး ကျော်စွာလင်း နှင့် စုစုပေါင်း(၉)ယောက်ခန့်သည် KIO/KIA များနှင့် အဆက်အသွယ်ရှိသည် နှင့် KIA ၏ ဒုဗိုလ်ကြီး ဖြစ်သည် ဟုစွပ်စွဲ ကာ ၎င်းနေထိုင်သည့် ဂျန်မိုင်ကောင် နှစ်ခြင်းစစ်ရှောင်စခန်း မှ ဖမ်းဆီးသွား ခြင်းဖြစ်သည်။

ယခုအချိန်တွင် မြစ်ကြီးနားထောင်တွင် မတရားအသင်း အက်ဥပဒေနှင့် ထိန်းသိမ်းခံထားရသူများ စုစုပေါင်း (၇၀)ခန့် ရှိကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စုစုပေါင်း (၅၀)ခန့်ရှိကြောင်း ထိုသူများအနက် မည်မျှ လွတ်မြောက်လာသည်ကိုမူ မသိရှိရသေးပါ။