Thursday, July 11, 2013

မျိုးစောင့် ဥပဒေ ကန့်ကွက်တဲ့ အကြောင်းရင်း ရှင်းတမ်း။

 Ndai (Law -မျိုးစောင့် ဥပဒေ ) shagrin ai shani gaw an hte Christan Yesu a hpang hkan ai ni a lamu ga gaw Awmdawm shang lawt lu na lam ndau ai shani rai na sai.
1.U NU a prat hta  ဥပဒေ 1 shapraw ai ( Rawt malan lawlaw pru wa sai)
2.ya Ting tsing prat မျိုးစောင့် ဥပဒေ shapraw dat jang gaw Mung dan laksan Ndau dat na matu tara shang license lu sai ga re.
3. 2015 myen gumsan nnan lung wa ai ladaw hta Kachinland freedom Mungkan hta mungdan nnan 1 jat sai.ngau ndau dat ya ra na rai???

မျိုးစောင့် ဥပဒေ ကန့်ကွက်တဲ့ အကြောင်းရင်း ရှင်းတမ်း။
**********************

(၁) လူမျိုးတိုင်း ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သင့်တယ်၊ ဆိုတာ မူအရ လက်ခံတယ်။ လုပ်ပုံ လုပ်နည်း ကို ဝေဖန် နေတာ ဖြစ်တယ်။

(၂) ဗုဒ္ဓဘာသာ တမျိုးထဲအတွက် တနိုင်ငံလုံး ဆိုင်ရာ ဥပဒေ ရေးဆွဲခြင်းသည် ကျန် ဘာသာခြား နိုင်ငံသားတွေကို မထီမဲ့မင် ပြုလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ခွင့်ထူးခံ ဘာသာတရား အဖြင့် လုပ်ဖို့ ကြိုးစား ခြင်း ဖြစ်တယ်။ နောက် တဆင့် တက်လာမှာကတော့ သီအိုကရေစီ နိုင်ငံ ဖြစ်လာရေး ပါ။ ဘာသာရေး အခြေခံ တဲ့ မူဆလင်အစွန်းရောက် နိုင်ငံတွေလို ဖြစ်လာမယ်။

(၃) ကျန်ဘာသာတွေ ဥပဒေ ရှိတယ်၊ ဗုဒ္ဓဘာသာက ဥပဒေ မရှိသေးဘူး လို့ ပြောပါတယ်။ မူဆလင်အကြောင်း မသိလို့ မပြောဘူး။ ခရစ်ယာန်တွေရဲ့ လက်ထပ်မှုဆိုင်ရာ ကျင့်ထုံးတွေက ဥပဒေ မဟုတ်ပါ။ ယုံကြည်မှုဆိုင်ရာ ကျင့်ထုံး ဖြစ်တယ်။ မလိုက်နာနိုင်တဲ့ လူတွေကို ထောင်ချ လို့ မရဘူး။ ဥပဒေ က ခရစ်ယာန်ယုံကြည်မှုအရ (Christian Marriage) လက်ထပ်ခြင်းကို တရားဝင် ခွင့်ပြုထားတာပဲ ရှိတယ်။ အဲဒါ မလုပ်မနေရ မဟုတ်ဘူး။ ကိုယ့် ယုံကြည်မှု အရ ဘုရားကျောင်းမှာ လက်ထပ်ကြတယ်။ ဥပဒေအရ မဟုတ်ဘူး။

(၄) ၁၉၅၄ ဥပဒေ မှာ ဗုဒ္ဓဘာသာအမျိုးသမီး နဲ့ ကျန်ဘာသာခြား အမျိုးသား လက်ထပ်ပြီး ကွာရှင်းရင် ဗုဒ္ဓဘာသာ အမျိုးသမီး ကို အမွေအားလုံး ပေးရတယ်။ ကျန်ဘာသာ အမျိုးသမီး တွေအတွက် မပါဘူး။ အဲဒါကြောင့် ကချင်အမျိုးသမီး တွေ ဆိုရင် ကြိုက်သလို ပစ်ထားခြင်းခံရတယ်။ အဲဒါက တဖက်လှည့် ကျန်တဲ့ ဘာသာခြားတွေကိုတော့ ကြိုက်သလို လုပ်လို့ ရတယ် ဆိုပြီး မီးစိမ်း ပြပေးတဲ့ သဘော ဖြစ်နေတယ်။

(၅) နိုင်ငံသား အမျိုးသမီးထု အားလုံး ကို ကာကွယ်တဲ့ ဥပဒေ ဆိုရင် ဘာမှ ကန့်ကွက်စရာ မရှိပါ။ ဥပမာ.... ခင်များတို့ ပြောပြောနေတဲ့ မူဆလင်တွေ ဗမာ အမျိုးသမီးတွေကိုယူပြီး နှိပ်စက် တယ် ဆိုရင် အဲဒီ နှိပ်စက်ခြင်း ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရမယ်။ မူဆလင် နှိပ်စက်တာပဲ ပြောပြီး ကျန်လူတွေကော ကိုယ့် ဇနီး၊ သား သမီး တွေကို မနှိပ်စက် မရိုက်နှက်တော့ဘူးလား။ ကချင်အချင်းချင်းယူပြီး နှိပ်စက်တာတွေလဲ ရှိတာပဲ။ ဗမာ အချင်းချင်း နှိပ်စက်တာလဲ ဒုနဲ့ဒဲ။ ဒီတော့ အမျိုးသမီးထု တခုလုံးကို ကာကွယ်တဲ့ ဥပဒေ လိုတယ်။ အမေရိက မှာ ကလေးတွေ၊ အမျိုးသမီးတွေကို နှိပ်စက်ရင် ချက်ချင်း အရေးယူတယ်။ ဘေးကလူ ဖုန်းဆက်ပြီး တိုင်ရင် တိုင်၊ ကာယကံရှင်ကိုယ်တိုင်လဲ တိုင်လို့ ရတယ်။ အိမ်သားတစ်ယောက်ယောက်လဲ တိုင်လို့ ရတယ်။

(၆) ပြည်တွင်းက မူဆလင်နဲ့ ဘာသာခြားတိုင်းရင်းသားတွေ ယူလို့ ဗမာလူမျိုး ဘယ်လောက်ပျောက်သွားသလဲ တော့ မသိဘူး (ကောင်းကောင်းမွန်မွန် သုတေသန လုပ်ဖို့ လိုတယ်)။ တရုတ် နဲ့ ထိုင်း တွေမှာ ပျောက်သွားတဲ့ အမျိုးသမီး တွေအတွက် ဘယ်လို အကာအကွယ် ပေးမလဲ။

(၇) အမျိုးစောင့် ဥပဒေ ပေါ်လာရခြင်း ရဲ့ မူရင်း ဇစ်မြစ် ကို ပြောရမယ် ဆိုရင် မူဆလင် တွေရဲ့ မျိုးပွါး သာသနာ ပြုရေး ကို ဆန့်ကျင်ခြင်း လို့ ယေဘုယ အားဖြင့် ခပ်မှန်းမိတယ်။ ဒါပေမယ့် မူဆလင် မဟုတ်တဲ့ မဆီမဆိုင် ခရစ်ယာန်တိုင်းရင်းသားတွေလဲ တိုင်ပတ်ခံရတယ်။

(၈) မူဆလင် မယားငယ် လုပ်ခြင်းကို ကာကွယ် တယ် ဆိုရင် မယားငယ် မယူရ ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းလို့ ရတယ်။ ဗမာတွေရော တရုတ်တွေရော ယူနေကြတာပဲ။

(၉) မူဆလင် မယားငယ် လုပ်နေတဲ့ ဗမာ တွေ အမွေ မရမှာ စိုးလို့ ဆိုရင် မယားငယ် ဖြစ်ဖြစ် အမွေမျှတူ ခွဲပေးရမယ်၊ လို့ အသိအလင်း ဥပဒေ ပြဋ္ဌာန်း လို့ ရတယ်။

(၁၀) မူဆလင် မယား လုပ်ခြင်းဟာ ငွေရေး ကြေးရေး အခက်အခဲ ကြောင့် လို့ တချို့ပြောကြတယ်။ ဟုတ်ပါတယ်။ မူဆလင်ပဲ မဟုတ် တရုတ်မယား၊ ထိုင်းဖါ တွေ လုပ်နေရတာဟာ စီးပွါးရေးကြောင့် ပါ။ ဒီတော့ မြန်မာပြည်ကို စီးပွါးရေး တိုးတက် အောင် လုပ်ရမယ်။ အဲဒီလို လုပ်မယ် ဆိုရင် အခုလို မြန်မာနိုင်ငံသား အချင်းချင်း သွေးခွဲပြီး ရန်ဖြစ်နေမဲ့ ဥပဒေမျိုးမလိုအပ်ဘူး။ အားလုံးပိုစည်းလုံးမဲ့ ဥပဒေမျိုးပဲ လိုအပ်တယ်။ အဲဒါကတော့ ဖက်ဒရယ် ပါပဲ။

(၁၁) မျိုးစောင့် ဥပဒေ ဟာ တောင် အာဖရိက နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ Apartheid ဥပဒေ နဲ့ အလားသဏ္ဍာန်တူတဲ့အတွက် ကန့်ကွက် ရခြင်း ဖြစ်တယ်။

(၁၂) နိုင်ငံရေး နဲ့ ဘာသာရေး မရောထွေး စေရန် ကန့်ကွက် ရခြင်း ဖြစ်ပါတယ်။ (ကချင်တွေလဲ နိုင်ငံရေး နဲ့ ဘာသာရေး ရောထွေးတယ် လို့ ပြောလိမ့်မယ်။ တော်လှန်ရေး ဆိုတာ ကိုယ့် လူမျိုးရဲ့ နိုင်ငံသား အခွင့်အရေး ကို ထိပါးလာတဲ့ မည်သည့် ဥပဒေ ကို မဆို တော်လှန်ရမှာပဲ၊ မြန်မာ့ နိုင်ငံရေးမှာ ဘာသာတရား မရောခဲ့ဘူး ဆိုရင် ကချင်တွေလဲ ရောလာစရာ အကြောင်း မရှိဘူး။)