Friday, July 12, 2013

အမေရိကန်မောင်းသူမဲ့လေယာဉ် လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်နိုင်ပြီဖြစ်

Myanmar Online News's photo.
အမေရိကန်မောင်းသူမဲ့လေယာဉ် လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်နိုင်ပြီဖြစ်
Friday, 12 July 2013

အမေရိကန် ရေတပ်သည် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို လေယာဉ်တင် သင်္ဘောပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်အောင် တီထွင်နိုင်ခဲ့ပြီ ဖြစ် သည်။ ပြီးခဲ့သည့် လပိုင်းများ အတွင်းက #X-#47B အမျိုးအစား မောင်း သူ မဲ့ လေယာဉ်ကို လေယာဉ်တင် သင်္ဘောပေါ်မှ အောင်မြင်စွာ လွှတ် တင်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆင်းသက်မှု အတွက်ပါ လက်တွေ့ အကောင်အထည် ဖော်လာနိုင်ခြင်း ဖြစ်သည်။

ထိုအနေအထားသည် အမေရိကန်၏ မောင်းသူမဲ့ လေယာဉ်ကို အသုံးပြုသော စစ်ဆင်ရေးများတွင် များစွာ တိုးတက် အောင်မြင်လာမည့် သဘောဖြစ်သည်။ အမေရိကန် အနေဖြင့် နိုင်ငံခြား တိုင်းပြည်များတွင် စစ်ရေးအတွက်ဖြစ်စေ၊ ထောက်လှမ်းရေးအတွက်ဖြစ်စေ မောင်းသူမဲ့ လေယာဉ်များကို လွှတ်တင်ရာ၌ အနီးတဝိုက်တွင် အခြေစိုက်စခန်း ထားရှိရန် မလိုအပ်တော့သည့် အခြေအနေမျိုး ဖြစ်လာသည်။

X-47B သည် မျိုးစပ် နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်တစ်စင်းဖြစ်ပြီး တိုက်လေယာဉ် တစ်စင်းနီးပါးမျှ အရွယ်အစားရှိသည်။ ယင်းကို အမေရိ ကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ #Northrop #Grumman က ဖန်တီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က မေရီလန်းရှိ ရေတပ် အခြေစိုက် စခန်းတစ်ခုမှ ပျံတက်လာသော လေယာဉ်သည် ဗာဂျီးနီးယား ကမ်းလွန်ရှိ #USS #George #H.#W. #Bush လေယာဉ်တင် သင်္ဘောကြီးပေါ်သို့ အောင်မြင် ချောမောစွာ ဆင်းသက်နိုင်ခဲ့ သည်။ လေယာဉ်တင် သင်္ဘောပေါ်တွင် အရှိန်လျှော့ နည်းပညာ
သစ်ကို အသုံးပြုပြီး X-47Bသည် ညင်သာ သပ်ရပ်စွာ ရပ်တန့်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနည်းပညာ အောင်မြင်မှုသည် အနာဂတ် တိုက်လေယာဉ် ပိုင်းလော့များအတွက် ကြီးမားသော စိန်ခေါ်မှုတစ် ရပ် ဖြစ် လာပြီဟုလည်း လေ့လာသူများက ဆိုသည်။ ထိုပျံသန်းမှု၊ ဆင်း
သက်မှု ကဏ္ဍများကို မောင်းသူမဲ့လေယာဉ် အတွင်းပိုင်းရှိ ကွန်
ပျူတာ စနစ်တစ်ခုလုံးက စီမံခန့်ခွဲသွားသည်။

မေလအတွင်းက X-47Bသည် လေယာဉ်တင် သင်္ဘော တစ်စင်း၏ အရှိန်မြှင့် ကိရိယာမှတစ်ဆင့် အောင်မြင်စွာ ပျံတက်နိုင်ခဲ့ပြီး ဖြစ်သည်။ အမေရိကန် နောက်တန်း ရေတပ် စစ်သေနာပတိ မတ်ဝင်းတားက ယခုလုပ်ဆောင်မှုသည် ရေတပ်၏ သမိုင်းဝင် ဖြစ်စဉ် တစ်ခုဟု ချီးကျူးခဲ့သည်။

အမေရိကန် စစ်တပ်သည် ပိုမိုများပြားသော၊ အရွယ်အစား ပိုမိုကြီး မားသော မောင်းသူမဲ့ လေယာဉ်များနှင့် စုဖွဲ့ထားသည့် တိုက် ခိုက်ရေး လေယာဉ်အုပ်စုများကို ရေတပ်တွင်ရော၊ လေတပ်တွင်ပါ ဖွဲ့စည်းသွားရန် ကြိုးစားနေသည်။

ယင်းကဲ့သို့သော မောင်းသူမဲ့ လေတပ်အုပ်စုများသည် (၂၀၂၀)ပြည့်နှစ် တွင် အင်ပြည့်အားပြည့် တာဝန်ထမ်းဆောင် လာနိုင်ဖွယ် ရှိနေသည်။

ရေတပ်က ဗုဒ္ဓဟူးနေ့ စမ်းသပ်ချက်သည် အမြီးမဲ့ မောင်းသူမဲ့ လေယာဉ် တစ်စင်း အနေဖြင့် ခေတ်သစ် လေယာဉ်တင် သင်္ဘောတစ် စင်းပေါ် အောင်မြင်စွာ ပထမဆုံးအကြိမ် ဆင်းသက်နိုင်မှုအဖြစ် မှတ်တမ်းတင်သွားကြောင်း အတည်ပြု ကြေညာသွားသည်။ အမေရိ
ကန် ကာကွယ်ရေးဝန်ကြီးဌာနသည် မောင်းသူမဲ့ လေယာဉ်များကို လေ
ထဲတွင်ပင် လောင်စာဆီ ဖြည့်တင်းနိုင်မည့် နည်းလမ်းကိုလည်း ကြိုးစား အကောင်အထည် ဖော်နေဆဲဖြစ်သည်။

Planet Myanmar Network

#drone, #United #States, #Navy
#PlanetMyanmar