Friday, July 12, 2013

မြစ်ကြီးနားမြို့ နဲ့ ငါးမိုင်ဝေးသော (မန်ခရိန်းရွာ) စာသင်ကျောင်းဝင်း အတွင်း ဂျိန်းဖေါ့အမျိုးသားတို့ ၏ ဧည့်ခံပွဲ ဗိုလ်ချုပ်အောင်ဆန်း ဒီလို မိန့်ကြားခဲ့

……YA GAW MANI HPA MAUMWI…SHE RAI SAM SAI

ဒူဝါကြီးများ နှင့်တကွ ဂျိန်းဖော့ အမျိုးသား ၊ အမျိုးသမီး အပေါင်းတို့ ………
ကျနော်တို့  ဂျိန်းဖော့အမျိုးသားများကို မေတ္တာထားပြီး သွေးသားရင်းခြာကဲ့သို့ သဘောထားပါတယ် ။ ကရင်အမျိုးသားခေါင်းဆောင် များကို မေးမြန်း စုံစမ်းကြည့်နိုင်ပါတယ် ။ တိုင်းရင်းသား အချင်းချင်းတို့ အပေါ် ရင်းခြာသော ညီအကိုအဖြစ် သဘောကြောင်းမှာ အပြောအားဖြင့်သာ မဟုတ်ဘဲ အလုပ်သဘောအားဖြင့်လည်း ပြခဲ့ပါပြီ။
ဥပမာ ။ ။ ဂျိန်းဖော့စစ်တပ် သီးသန့် တည်ရှိလာခြင်းဟာ ကျနော်ရဲ့  ကြိုးစားလုံးပမ်းမှုကြောင့်ပင် ဖြစ်လာရကြောင်းကို သိစေလိုပါတယ် ။

အရှေ့ အာရှ တောင်ပိုင်းမဟာမိတ်တို့ ၏ စစ်သေနာပတိချုပ် မောင့်ဘက်တန် နှင့် ကျနော်တို့ စာချုပ်လာခဲ့ကြတဲ့ အတွက် ဖြစ်လာရတာဘဲ ။ စာချုပ်တွင်းတွင် တိုင်းရင်းသားစစ်တပ် နဲ့  တိုင်းရင်းသားစစ်ဗိုလ် ထားရှိရမည်ဟု သဘောတူချက် ပါရှိပြီး ဖြစ်ပါတယ် ။ တိုင်းရင်းသားမဟုတ်သူများက တိုင်းရင်းသား စစ်တပ်ထဲ မှာ ရှိနေသေးသော်လည်း ရုပ်သိမ်းအောင် ကြိုးစားနေပါတယ် ။ စာချုပ်မှာ ရှိပြီး ဖြစ်တဲ့အတွက် မဖြစ်နိုင်ဆရာ အကြောင်း မရှိပါဘူး ။

အရင်က တိုင်းရင်းသားတွေ အနိမ်ခံခဲ့ရတယ် စစ်ဗိုလ်အတတ် တတ်ကြသော်လည်း တန်းတူ မပေးကြဘူး။ ဂျမဒါ ဆူပဒါလောက်သာ ပေးခဲ့ကြတယ် အခု ဒီလိုမဟုတ်တော့ဘူး အခု တန်းတူတော့မယ် အဆင့်အတန်းရနိုင်တာဟာလည်း တိုင်းရင်းသားအားလုံးရဲ့ အပေါ်မှာ ကျနော့် ရဲ့ စေတနာထားပုံ သက်သက်ဖြစ်ပါတယ် ။

ထို့အပြင် ကျွန်တော်တို့ အစိုးရ အဖွဲ့ ပေါ်လီစီကို ပြန်ကြေငြာရာမှာလဲ တောင်တန်းမယ်များတွင် သူ့နယ်နင့်သူ ဆိုင်ရာတိုင်းရင်းသား ကိုယ်တိုင်အုပ်ချုပ် ပြီး ဗမာပြည်နင့် စုပေါင်းညီညွတ်စွာရှိရန် ရည်ရွယ်ချက်ရှိကြောင်းလည်း ကြေငြာပြီး ဖြစ်ပါတယ် ။ ဒါဟာလဲ တိုင်းရင်းသားများအပေါ် စေတနာထားပုံ သက်သေတရပ်ပါဘဲ ။
ကျနော်တို့ ဗမာပြည်အစိုးရဟာ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတို့ရဲ့ ကြီးပွားတိုးတက်ရေးကို အထူးလိုလားပါတယ်။ ယခုတော့စိတ်တိုင်းကျ လွတ်လပ်ရေး မရသေးတဲ့အတွက် တောင်တန်းနယ်များကို ဘုရင်ခံတဦးထဲက တာဝန်ယူဆောင်ရွက်အုပ်ချုပ်ပါတယ် ။

ကျန်တော်တို့ လိုလားချက်ကို ရှမ်းပြည် ဂျိန်းဖေါ့ (ကချင်)၊ ချင်းတောင်တန်းများကို ဘုရင်ခံက တာဝန်မယူဘဲ ထိုတောင်တန်းသားနယ်များ ဆိုင်ရာ ရှမ်းပြည် ဂျိန်းဖော့၊ ချင်းအမျိုးသားများ တာဝန်ပေးကာ ဆောင်ရွက် စေရန်ပင်ဖြစ်ပါတယ် ။ ဒီကိစ္စအတွက်လဲ အင်္ဂလိပ်အစိုးရထံမှာ တောင်းဆိုထားဆဲရှိပါတယ် ။ ယခုလိုဆောင်ရွက်တာပင် ကျွန်တော်တို့ က ဂျိန်းဖော့ဆိုတဲ့ တိုင်းရင်းသားတို့ အပေါ် စေတနာကောင်း ထားကြောင်းချစ်ချင်ရင်းနှီးတဲ့ စိတ်ထားရှိကြောင်း သက်သေများပင်ဖြစ်ပါတယ် ။

ကရင် အမျိုးသာများနှင့် ချစ်ခင်ရင်းနှီးတဲ့အတွက် ယခုအစိုးရအဖွဲ့တွင် ၀န်ကြီး ၂ နေရာ ကိုပင် ပေးထားသည်မှာ အထင်ရှားဖြစ်ပါတယ် ။ အခြားအရေးကြီးတဲ့ ကိစ္စများကိုလည်း အကူအညီပေးလျက်ရှိပါသေးတယ် ။ ကျွန်တော်တို့ အစိုးရ အဖွဲ့ အတွင်းသို့ မ၀င်ရောက်မီကပင် ကရင်နီနယ်တွင် ဆန်နှင့် ဆား အထူးလိုနေစဉ်အခါ က ကျတော် တို့ ငွေနင့်ဝယ်ပြီး အမြောက်အမြားပို့ ခဲ့ပါတယ် ။

ဂျိန်းဖော့လူကြီးများအား အထူး ပြောလိုတာက အရေးအကြောင်းရှိ အလိုရှိသော ကိစ္စများရှိပါက ကျနော်တို့ အစိုးရက အစွမ်းကုန်ဆောင်ရွက်ပေးပါ့မယ်။ မဆောင်ရွက်နိုင်တဲ့ ကိစ္စများကိုတော့ မသတ်နိုင်ပါ ။ ဂျိန်းဖော့ ခေါင်းဆောင်လူကြီးများ ရန်ကုန်တို့ လာရောက်နိုင်အောင် ကြီုးစားစေချင်ပါတယ် ။ အခြေအနေအကျိုးကြောင်း ကို ကောင်းကောင်း သိနိုင်ကြလိမ့်မယ် ။ ဆောင်ရွက် ပေးနိုင်ဆရာရှိရင် မြန်မြန်ဆောင်ရွက်ပေးနိုင်ပါတယ် ။

ယခုတခါ မြစ်ကြီးနားရောက်တာ မှာ မတင်းတိမ်ပါ အလုပ်တွေကလည်းများလှလို့ အချိန်အကြာကြီး မနေနိုင်ပါဘူး။ ဇန်န၀ါရီလောက်မှာ (မနောပွဲ) လုပ်ဖြစ်ရင်လာလို ပါတယ် ။ အခြားနယ်များကိုပင် ရောက်အောင်သွားလို ပါသေးတယ် ။

Wunpawng (WP)